ENGLISH

မူလစာမျက်နှာ

ကြေညာချက်

သတင်း

ကဗျာ

ဆောင်းပါး

အင်တာဗျူး

ကျွနိုပ်တို့ အကြောင်း

“ အကျဉ်းထောင်ဆိုတာ သူရဲကောင်းတွေရဲ့ ပြတိုက်ဖြစ်တယ် ”

တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့  ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ချယ်လှယ်နေတဲ့ စနစ်ဆိုးမျိုးရှိနေရင် အများပြည်သူတို့ ဆန္ဒနဲ့  လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစား နိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။  (ဗိုလ်ချူပ်အောင်ဆန်း)

   Threat to the Peace: A Call   for the UN Security   Council to Act in Burma

      “ အများပြည်သူ သဘောမတူတဲ့ အမိန့် အာဏာ     ဟူသမျှ တာဝန်အရဖီဆန်ကြ”      

  ဦးဝင်းတင်

    

မျော်လင့်ခြင်း


ဆန္ဒနဲ့ဘဝ
တထပ်တည်းကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲပထမဆုကိုထောင်မျှော်နေတာပါ။
ငါတို့တွေကိုက
တိုက်ဆင်တွေလိုအရေထူဖို့ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒါဏ်ရာအောင်ပွဲမှပြကြေးကိုး။
ဓါတ်စာအမျိုးမျိုးကို
အိပ်ယာထဲကပူစာနေတဲ့
လူမမာနဲ့တူနေပြီမှန်းလဲသိပါရဲ့။
အမေခွံ့ကျွေးသမျှ
(
တကျိကျိအော်ပြီး)ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘ၀က
ငါလဲကျော်ဖြတ်ချင်လှပါပြီဟာ။
လောင်ဂျီကျုမျဉ်းတကြောင်းထဲအပေါ်မနေနိုင်ကြပေ
နေ့ညတွေမတူကြ
ငါ့အိပ်မက်တွေပြောပြမယ့်မနက်တွေမှာ
နင်ကအိပ်မောကျကာစ။
နှင်းသီချင်းထဲကလိုပေါ့
အခုတော့ပင်လယ်ပဲရှိတယ်ဆိုတဲ့အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။
တနေ့မှာတော့
ငါကောက်ထားသမျှခရုခွံတွေနဲ့
အရုပ်ကလေးတွေလုပ်ပြဦးမယ်
မျောက်ကလေးတွေသန်းရှာနေတဲ့အရုပ်လဲပါ။

မင်းကိုနိုင်

 ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား      ကောင်စီမှထုတ်လွှင့်သော FM အသံ    လှိုင်းအား 99 MH z မှဖမ်းယူနိုင်ပါသည်။

Morning:         8:30: am   9:30 am       Evening           6:30  pm   7:30 pm

 

                      ICRC

DVB

BBC

RFA

VOA

 

 
 
 
 

      နအဖ၏ (၁။၂၀၀၈)နှင့် (၂။၂၀၀၈)ကြေညာချက်များအပေါ်

    မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှဆန့် ကျင်ရှုံ့ ချကြောင်း

                      ထုတ်ပြန်ကြေညာချက်။                  

 

  20 နှစ်မြောက် မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ နှင့်တံတားနီနေ

     မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ¾မှထုတ်ပြန်ကြေညာချက်

 

  

     “ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ 

                   သမိုင်းဖြတ်သန်းမူရှိရမယ်”

                                          မန်းရှာလားဖန်း

 

Free&ရှရှစ်

   
 

 “ ကျမတို့ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်ဆိုတာ ကျမတို့ ယုံကြည်တယ်၊    ဒါပေမယ့်  ကျမတို့  ဒ်ီမိုကရေစီ ရဖို့ ဆိုတာကတော့ ကြိုးစားရမှာပဲ၊ ဘာမှအလကားမရ   ဘူးနော်၊ လွယ်လွယ်နဲ့  တော့မရဘူး။ လွယ်လွယ်နဲ့ ပေးချင်လို့ ရှိရင်ပေးတာကြာလှပြီ။ (၁၅)နှစ်လုံးလုံး။ ဒီတော့ လွယ်လွယ်နဲ့ မရတဲ့ ကိစ္စမို့ လို့ ကြိုးစားပမ်းစားနဲ့ လုပ်ရမယ

(၂၀၀၃-ခုနှစ် မေလ ၂၉ ရက်နေ့ တွင်မုံရွာမြို့ ၌ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော       မိန့် ခွန်းမှ)

“ဒီနေ့ဟာဆိုရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံထားရတာ ၄ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီအကျဉ်းကျခံထားရမှုဟာ တရားသလား မတရားသလားဆိုတာ အားလုံးပြည်သူတွေသိပါတယ်။ ကျနော်တို့အားလုံး ဘ၀များစွာ စတေးခဲ့ပြီးပြီ။ လမ်းတွေပေါ်မှာ အသက်ပါပေးခဲ့ပြီးပြီ။ ကျနော်တို့ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့မှ ခြိမ်းခြောက်လို့ ကြောက်မယ့် လူတွေလား။ အဲဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေ သဘောပေါက်ပါ။ ပြည်သူလူထု အရေခြုံထားတဲ့ လူလိမ်လူညာတွေ နားလည်ပါ                                                                                    “ပြည်သူဆိုတဲ့ဟာကိုအလွဲသုံးစားလုပ်ပြီးတော့  လက်မရွံ့ တပ်သားတွေကိုမွေးလုပ်တယ်ကိုင် တယ်ဆိုတဲ့ဟာက နိုင်ငံအတွက် အလွန်တရာ အန္တရယ်ကြီးပါတယ်၊”

“ကျနော်တို့ ဘက်ကတော့ ငြိမ်းချမ်းတဲ့တရားကို လက်ကိုင်ပြုပြီးတော့ လုပ်စရာရှိတာကိုဆက်လုပ်မှာဘဲ ကျနော်တို့ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမယ်ဆိုတာကိုကျနော်တို့ ယုံကြည်တယ်။                                                                                                    ၈၈ တုန်းကဆိုရင်တန်ပြန်သပိတ် ဆိုတဲ့အဖွဲ့ တကယ်ကိုရှိခဲ့တယ်၊အဲဒီအချိန်တုန်းက ထောက်လှန်းရေးတွေဟာ တန်ပြန်သပိတ်ဆိုပြီး ပြည်သူမျက်နှာဖုံးစွပ်။ ပြည်သူ့ အရေခြုံ ပြီးတော့ ၈၈သပိတ်ဆင်နွှဲခဲ့တာကို သူတို့ ဖျက်ဆီးခဲ့တာပါ၊အဒီ ပုဂ္ဂိုလ်တွေဒီကနေ့ ဘာဖြစ်နေ ပြီလဲ၊                                                                                              ကျနော်ထောင်ထဲက ပြန်ထွက်လာတဲ့ အချိန်မှာသူတို့ ထောင်ထဲဝင်လာရတာပေါ့ ၊ ကတုံးတုံးပြီး တော့ ခေါင်းကြီးတွေငုံ့ ပြီးတော့ ပြန်ပြီးထောင်ထဲဝင်လာတာကို တွေ့ ခဲ့ရတယ်၊ မိမိအင်အားရှိနေတဲ့အချိန်မှာ မတရားအင်အားသုံးပြိးတော့ အောက်လမ်းနည်းတွေနဲ့ လုပ်မယ်ဆိုရင် အဒီတူသောအကျိုးကိုပေးလိမ့်မယ်ဆိုတာကို ကျနော်ကမေတ္တာအခြေခံပြီးတော့ သတိပေးပါတယ်၊ရပ်တန်းကရပ်ပါ၊ ဒီလိုမျိုးလုပ်မယ့်အစား ဟေ့ ငါတို့ အာဏာပိုင်အဖွဲ့ အစည်း ကဖမ်းတယ်ကွာ၊ ယူနီဖောင်းနဲ့  ရဲရဲရင့်ရင့်လုပ်ပါ၊ အဒီလို ရှင်းရျှင်းလင်းလင်းလုပ်တဲ့နိုင်ငံရေးမျိုး ကို ကျနော်ကြိုက်တယ်၊ ကောက်ကောက်ကွေးကွေးနဲ့  မလိမ့် တပတ်လုပ်တဲ့သူတွေနဲ့  အလုပ်လုပ်ရတာအင်မတန် ခက်တယ်၊ အဒီလူတွေက တချိန်ကျရင် ကံပေးမကောင်းတဲ့အတွက် အခုကတည်းက ကြိုပြီးတော့ သတိပေးတာပါ။

“နိုင်ငံရေးအရ လှုပ်ရှားမှုတွေမှန်သမျှဟာ ဒီမိုကရေစီရေးကို ဦးတည်နေတာ၊ ဒီမိုကရေစီကို ကြောက်နေတဲ့ လူတွေက ဆူပူလှုပ်ရှားမှုလို့ ပြောင်းပြန်ကင်ပွန်းတပ်ပြီး ကျနော်တို့ ၈၈ အဖွဲ့နဲ့ အဓမ္မဆက်စပ်စွပ်စွဲမယ်၊ ဒါ သူတို့လုပ်နေကြပဲ၊ ငြိမ်းချမ်းစွာ အကြမ်းမဖက်ဘဲ လုပ်နေတယ်ဆိုတာ နေ့စဉ်ကြုံတွေ့ နေရတဲ့ လူတွေအားလုံး သိတယ်”                          ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ကိုမြအေးတို့ က      ပြောကြားခဲ့ ပါတယ်၊

  

 
 
 
 
 
 
 
 
 
 

“ We  want the world to know

that we are prisoners  in our

own country"

  “ ကျမတို့ ဟာ                             ကျမတို့ ရဲ့  တိုင်းပြည်ထဲမှာ     အကျဉ်းသားဖြစ်နေရတယ်ဆိုတာ      ကမ္ဘာကို သိစေချင်တယ်၊”

           (Daw Aung San Suu Kyi)

     ●တော်လှန်ရေးသီချင်းများ
         ●ကမ္ဘာမကြေဘူး

        

 

မြန်မာဝက်ဆိုက်များ

  NCUB
  FTUB
 

AAPPB

 

ရိုးမ ၃

  ခေတ်ပြိုင်
  ဧရာဝတီ
  ဟစ်တိုင်
  မဇ္ဈိမ
  ငုရင်ပြင်
ခါကာဘိုရာဇီ
reporterdiary.blogspot.
မိုးမခ
အိုးဝေစင်္ကာပူ
နေရဉ္စရာ
  seinkhalote.blogspot
  http://niknayman.blogspot.com
http://narathein.googlepages.com
 

ဒုက္ခသည်စခန်းရှိနိုင်ငံရေးအကျဉ်းသားများ

 

 “ ဒီကနေ့ ဟာဆိုရင် ကျနော်တို့ ရဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံထားရတာလေးနှစ်ပြည့်မြောက် တဲ့ နေ့ ဖြစ်ပါတယ်။ အဒီအကျဉ်းချခံထားရ မူ့ ဟာ တရားသလား မတရားသလားဆို  တာအားလုံးပြည်သူတွေသိပါတယ်၊        

ကျနော်တို့ အားလုံး ဘ၀များစွာစတေးခဲ့ပြီး ပြီ လမ်းတွေပေါ်မှာ အသက်ပါပေးခဲ့ပြီးပြီ။  ကျနော်တို့ ကို ဘယ်ခြိမ်းခြောက်မူမျိုးနဲ့ မှ  ချုပ်ချယ်လို့ ကြောက်မယ့်လူလား၊           

အဒါကို သက်ဆိုင်ရာအာဏာပိုင်တွေ  သ  ဘောပေါက်ပါ။ ပြည်သူလူထုအရေခြုံထား တဲ့ လူလိမ်လူညာတွေ နားလည်ပါ။ ကမ္ဘာ့  ပြည်သူတွေအားလုံး အသိအမှတ်ပြုဖို့      ကျနော်တို့  သတ္တိရှိတယ်ဆိုတာကို ပြမယ် မဟုတ်လား။”

    (မလ ၂ရ ရက်ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ တွင် အဖွဲ့ ချုပ်ရုံးရှေ့တွင် ကိုမင်းကိုနိုင်ပြောကြားသောမိန့် ခွန်း)

   
   
   

 

Copyright © 2007  Burma Political Prisoners' Union.
 
All Rights Reserved.